Saturday, July 5, 2008

Baker Hughes လေ့လာရေးခရီး

ဘလောဂ့်လေးကို ဒီခေါင်းစဉ်လေးနဲ့  စတင်ပါရစေ။ ဂျာမနီနိုင်ငံ celle မှာရှိတဲ့ Baker Hughes ကုမ္ပဏီ လေ့လာရေးခရီး ကအပြန် Wietze မှာရှိတဲ့ ရေနံပြတိုက်ကို ရောက်ခဲ့စဉ်က ရိုက်ထားတဲ့ ပုံတစ်ချို့ ပါ။ ကင်မရာနဲ့  မဟုတ်ပဲ ဖုန်းနဲ့  ရိုက်ယူခဲ့ရလို့ စုံစေ့အောင်မရိုက်နိုင်ခဲ့ပါဘူး။ ခရီးထွက်ဖို့ ညကတည်းက ကြိုတင် စီစဉ်ထားပေမယ့် ကင်မရာက ကျန်ဖြစ်အောင် ကျန်ခဲ့ပါတယ်။ Baker Hughes က ဧည့်ခံကောင်းပေမယ့် ကုမ္ပဏီတွင်း BHA များ ထုတ်လုပ်နေတဲ့ နေရာ ကို လိုက်ပြရာမှာတော့ ဓါတ်ပုံရိုက်ကူးခွင့်မပြုပါဘူး။ ဒါကြောင့် အဲဒီက အပြန် ရေနံပြတိုက်ကို အရောက်မှာ ရသမျှ ဖုန်းနဲ့  ဆံ့သမျှ အကုန်ရိုက်တော့တာပါပဲ။ ရေနံ ပြတိုက်က ဂျာမနီရဲ့ ပထမဆုံး ရေနံ မြေကို ပြတိုက်လုပ်ထားတာပါ။ ပြတိုက်ထဲ ကြည့်နေတုန်း မြန်မာ့ရေနံတွင်းများ အစ

ရှေးခေတ်ဟောင်းကို အောက်မေ့ပြီး လွမ်းသလိုလို တောင်ဖြစ်သွားတယ်ခင်ဗျ။ ဒီပုံကိုတော့ ရေနံလုပ်ငန်းနဲ့ ရင်းနှီးသူတွေသိမှာပါ။


ဒုတိယပုံကတော့ရှေးခေတ်လက်ယက်တွင်းတွေတူးတဲ့အခါမှာ တွင်းထဲ ဆင်းတူးတဲ့ အခါ ၀တ်တဲ့ ၀တ်စုံပါ အပူဒါဏ်ခံနိုင်ဖို့နဲ့ လေရူနိုင်ဖိုစီစဉ်ထားတာတွေပါပါတယ်။ဘယ်လိုပဲ စီစဉ်ထားထားပေါံဗျာဒါကြီးဝတ်ပြီး တွင်းထဲတော့ မဆင်းနိုင်ဘူး။ အဲဒီခေတ်မှာ ရေနံအင်ဂျင်နီယာ မဖြစ်တာ ကံကောင်းတယ်ပြောရမယ်။